Cardiogenic Shock
26-Oct-2016
ရက် နှလုံးမညှစ်နိုင်ဖြစ်ကာ ခန္ဓာကိုယ်မှ လိုအပ်သော သွေးပမာဏကို လုံလောက်စွာ မထောက်ပံ့နိုင်တော့ခြင်းကြောင့် Cardiogenic shock ဟုခေါ်သည်။ အချိန်မီ မကုသပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
လက္ခဏာများ
Cardiogenic shock တွင်
- အသက်ရှူမြန်ခြင်း၊ မောခြင်း
- ရုတ်တရက် နှလုံးခုန်မြန်လာခြင်း
- ချေွးစေးများပြန်ခြင်း၊
- ခြေ၊ လက်များ အေးစက်ခြင်း၊ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း
- သွေးခုန်နှုန်း စမ်း၍မရခြင်း၊ သတိမေ့သွားခြင်း
- ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးမထွက်တော့ခြင်း တို့ဖြစ်နိုင်သည်။
ထို့ပြင် နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်း၏ လက္ခဏာများဖြစ်သော
- ရင်ဘတ်အလယ်တွင် ဖိထား၊ ညှစ်ထားခံရသကဲ့သို့ အောင့်ခြင်း
- လက်မောင်းထိပ်၊ လက်မောင်း၊ ကျောကုန်းနှင့် မေးရိုးတို့ထိအောင် နာကျင်ခြင်း
- မကြာခဏ ရင်ဘတ်အောင့်ခြင်း
ထို့ပြင် နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်း၏ လက္ခဏာများဖြစ်သော
- ရင်ဘတ်အလယ်တွင် ဖိထား၊ ညှစ်ထားခံရသကဲ့သို့ အောင့်ခြင်း
- လက်မောင်းထိပ်၊ လက်မောင်း၊ ကျောကုန်းနှင့် မေးရိုးတို့ထိအောင် နာကျင်ခြင်း
- မကြာခဏ ရင်ဘတ်အောင့်ခြင်း
- ဝမ်းဗို်က်အထက်ပိုင်း၌ အောင့်ခြင်း
- မောခြင်း၊ ချေွးစေးပျံခြင်း
- ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
- ပျို့ခြင်း၊ အန်ခြင်း တို့လဲ ဖြစ်တတ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- အဓိက ဖြစ်စေသော အကြောင်းရင်းမှာ နှလုံးရုတ်တရက် ရောဂါဖောက်ခြင်း (Heart Attack) ကြောင့် နှလုံးကြွက်သားများ အောက်ဆီဂျင်မလုံမလောက်ဖြစ်ကာ မညှစ်နိုင်တော့၍ ဖြစ်သည်။
- တခါတရံတွင် နှလုံးကြွက်သား ရောင်ရမ်းခြင်း (Myocarditis) ၊ နှလုံးအဆို့ရှင် ရောင်ရမ်းခြင်း (Endocarditis)၊ အချို့ဆေးများကို အလွန်အကျွံ သုံးစွဲမိခြင်း၊ နှလုံးကို ထိခိုက်စေတတ်သော အဆိပ်တမျိုးမျိုးကို သုံးမိခြင်း တို့ကြောင့်လည်း Cardiogenic shock ရနိုင်သည်။
ဆရာဝန်နှင့် ပြသသင့်သောအချိန်
Cardiogenic shockသည် အချိန်မီ မကုသပါက အသက်ဆုံးရှုံးနိုင်သဖြင့် လက္ခဏာများပေါ်ပေါက်လာပါက ဖြစ်လျှင်ဖြစ်ချင်း နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်ပါသည်။
နှလုံးရုတ်တရက် ရောဂါဖောက်ခြင်း (Heart Attack) ၏ လက္ခဏာများ ပေါ်ပေါက်ပါက ဖြစ်လျှင်ဖြစ်ချင်း ကုသမှု ခံယူခြင်းဖြင့် Cardiogenic shock ကို ကြိုတင်ကာကွယ်နိုင်ပါသည်။
ဖြစ်နိုင်ချေများသူများ
- နှလုံးရောဂါရှင် အသက်ကြီးသူများ
- နှလုံးရုတ်တရက် တိုက်ခိုက်ခံရဖူးသူများ
- နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများ
- ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါရှိသူများတွင် အဖြစ်များသည်။
ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ
ဖြစ်လျှင်ဖြစ်ချင်း မကုသပါက ကျောက်ကပ်၊ အသည်းနှင့် အခြားသော အင်္ဂါများ ပျက်ဆီးရုံသာမက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။
စစ်ဆေးမှုများ
- နီးစပ်ရာ ဆရာဝန်နှင့် ပြသ၍ Shock ၏ လက္ခဏာများကို စစ်ဆေးခြင်း
- သွေးပေါင်ချိန်တိုင်းခြင်း
- ECG ဆွဲခြင်း၊ ဓာတ်မှန်ရိုက်ခြင်း
- ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ ရောဂါပိုးဝင်ခြင်း တို့ကို သိနိုင်ရန်နှင့် သွေးတွင်း အောက်ဆီဂျင် ပမာဏကို သိနိုင်ရန် သွေးစစ်ခြင်း
- နှလုံးကို Echocardiogram ရိုက်ခြင်း
- နှလုံးသွေးကြောကျဉ်း၊ မကျဉ်းကို ပြွန်ထည့်၍ စစ်ဆေးခြင်း တို့ပြုလုပ်နို်င်ပါသည်။
ကုသခြင်း
- ဖြစ်ပွားပါက ဖြစ်လျှင်ဖြစ်ချင်း ကုသရန်လိုအပ်သည်။
- ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုကို ကာကွယ်နိုင်ရန် အောက်ဆီဂျင်ရှူခြင်း၊ လိုအပ်ပါကအသက်ရှူစက်တပ်ခြင်းနှင့် လိုအပ်သော အရည်များကို သွေးကြောတွင်းမှ သွင်းခြင်းတို့ကို ပြုလုပ်ရမည်။
- နှလုံးကြွက်သားများ သွေးလုံလောက်စွာ ရစေရန် သွေးကြဲဆေး၊ သွေးခဲပျော်ဆေးများ၊ နှလုံးညှစ်အားကောင်းစေသော ဆေးများကို အသုံးပြုနိုင်သည်။
- လိုအပ်ပါက နှလုံးသွေးကြော အစားထိုးခြင်း၊ နှလုံးစက်တပ်ခြင်း၊ နှလုံးအစားထိုးခြင်း စသော ခွဲစိတ်မှုများကို ပြုလုပ်နိုင်ပါသည်။
ကာကွယ်ခြင်း
Cardiogenic shock မဖြစ်အောင်
- သွေးတိုး ထိန်းခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အဝမလွန်အောင် ထိန်းသိမ်းခြင်း
- သွေးတွင်း အဆီဓာတ်ကို လျှော့ချခြင်း
- လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း တို့ဖြင့် ကာကွယ်နို်င်ပါသည်။
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
